Sunday, February 13, 2011

အစမ်းလေ့ကျင့်

sedf

နအဖ စစ်တပ်က ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ ဒေသအနီးသို့ ပို့ထားသည့် စစ်ကူများ ဖြစ်ကြတဲ့ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ အင်မောက် (မိုးမောက်) နယ်မြေခံတပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေ (မန်စီ) နယ်မြေခံတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်း နယ်မြေခံတပ်ရင်း ခလရ(၁၅) နှင့် မြစ်ကြီးနား နယ်မြေခံတပ်ရင်း ခလရ (၂၁) တပ်ရင်းများ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ) ယမန်နေ့ ညပိုင်းနှင့် ယနေ့ မနက်ပိုင်း ၉ နာရီခန့်အထိ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သည့်အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကော်ထူး ဦးဆောင်သည့် တပ်ဖွဲ့များ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

No comments:

Post a Comment